အလုပ်လေးတွေ မအားတဲ့ကြားကပဲ လူမှု့ရေးလေးပေါ်လာလို့ ကိုယ်တတ်နိုင်သလောက် လုပ်အားဒါနပါဝင်လိုက်ပါ သေးတယ်။ သူငယ်ချင်းတစ်ယောက် သူ့အမေဆုံးသွားလို့ ရက်လည်နေ့မှာ သူ့အမေအတွက် ရည်စူးပြီး ကုသိုလ်ပြု အမျှဝေ လုပ်ရာမှာ လုပ်အားဒါန အဖြစ် သူငယ်ချင်းတွေနဲ့အတူ ကြာဇံဟင်းခါး ချက်ပေးဖြစ်ပါတယ်။ မချက်ရတာ ကြာပြီဖြစ်တဲ့ ကြာဇံ ဟင်းခါးကို ဒီတစ်ခါတော့ ကြုံကြိုက်တုန်းမှာ ချက်ပေးဖြစ်ပါတယ်။ ကိုယ့်ဆီမှာ ချက်နေကြ ကြာဇံမဟုတ်ပေမဲ့ စားရတော့ ကောင်းပါတယ်။ ကြာဇံနဲ့ ပဲပြားလိပ် ကလွဲလို့ ကျန်တာတွေကတော့ မြန်မာပြည်ကလိုပါပဲ ကြက်သားပေါတော့ ကြက်သားများများထည့်ပြီး ချက်လိုက်ပါတယ်။ လူလည်း အိပ်ရေးတွေပျက်တာ နောက်နေ့ ကျွေးမွေးဧည့်ခံပြီးမှ အိပ်ရေးဝအောင် ထပ်အိပ်ရပါတယ်။ ၀ါသနာက ရှေ့တန်းရောက်နေလို့ ချက်နေတုန်းတော့ ပင်ပမ်းရမှန်းကို မသိပါဘူး။ အဲ့ အားလုံးပြီးစီး သွားပြီဆိုရင်တော့ လူမထချင်တော့လောက်အောင် ပင်ပမ်းတတ်ပါတယ်။
ဒီအိုးကြီးနဲ့ချက်ပါတယ်
မီးဖိုပေါ်မှာ ဆူပွက်နေတဲ့ ဟင်းရည်အိုး
ဒီတစ်ခါက အ၀ယ်တော်ပါ ကိုယ်တိုင်ထွက်ရတာမို့ နဲနဲပိုပင်ပမ်းပါတယ်။ ကြာဇံရှာပုံတော်ဖွင့်ရတာ မီးရထားလမ်းပြမြေပုံ အပေါ်ထိပ်ကနေ အောက်ဆုံးအထိ ရောက်ပါတယ်။ ရထားနဲ့မို့ တော်ပေသေးတယ်။ မဟုတ်ရင်တော့ ချက်နိုင်မယ်မထင်ဘူး။ ဟင်းအိုးတွေကျက်လို့ အိပ်ခါနီးမှ ကိုယ်ချက်ထားတာလေးတွေကို အမှတ်တရ ဓာတ်ပုံရိုက်ထားလိုက်ပါသေးတယ်။ ချက်ပြီးပြီးချင်းမို့ ပန်းကန်ထဲတော့ မထည့်ရသေးပါဘူး။ ချက်တဲ့ အိုးလိုက်ပဲ ရိုက်ထားလိုက်တယ်။ ကြည့်ပြီးတော့ အားပေးသွားပါအုံးဗျာ။ ကိုရွှေညာသားတို့ လက်စွမ်းပြထားတာ လေးပါ။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေရော ၀ိုင်းကူလုပ်ကြတာ။ ကျွန်တော်ကတော့ ဦးစီးချုပ်ပေါ့(ဟဲ..ဟဲ)။ ရာထူးက ကိုယ့်ပါးစပ်ထဲရှိတာပဲနော့။ ကိုယ်ကြိုက်သလို ပေးလို့ရတယ်လေ။
လက်တဖက်က ယောက်မကိုင် တဖက်က ကင်မရာကိုင်ပြီး ရိုက်ထားတာ
အထဲမှာ ပါတာတွေကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကြက်သား၊ ကြက်သွန်ဖြူနီ၊ မှိုခြောက်၊ အသားတု၊ ပဲပြားလိပ်ခြောက်နဲ့ ကျန်တာတွေကတော့ ဆီ၊ဆား၊ငံပြာရည်နဲ့ ဟင်းချိုမှုန့်၊ ငရုတ်ကောင်း စတာလေးတွေပါပဲ။ ကြာဇံချက်က ကျွန်တော်တို့အညာမှာ မရှိပါဘူး။ မြို့ပေါ်ရောက်မှ စားဖူးတာ။ ချက်တာကတော့ ကျောင်းတက်တုန်းက အဒေါ်အိမ်မှာ ကုသိုလ်လုပ်ရင် လာချက်ပေးတဲ့ အဒေါ်ကြီးဆီက နည်းမှတ်ထားတာ။ လွယ်ပါတယ် ဘာမှခက်ဘူး။ စိတ်ဝင်စားဖို့ပဲ လိုပါတယ်။
ပေါလောပေါ်နေတာက အသားတုတွေပါ အစစ်ကတော့ အောက်ထဲမှာမြုပ်နေတယ်
ကြာဇံက ချက်နေကြ ကြာဇံမဟုတ်ပါဘူး အိတ်မှာ ရေးထားတာတော့ sweet potato vermicelli တဲ့ ချက်လိုက်တော့လည်း မြန်မာပြည်က ကြာဇံမျိုးပါပဲ။ မစားရတာ ကြာလို့ထင်တယ် စားလို့ကောင်းချက်ဗျာ...။ ကိုယ်တိုင်ချက်တာမို့ ပြောတာမဟုတ်ပါဘူး တကယ်ကောင်းလို့ပြောတာ။ စားတဲ့သူတွေကပြောသေးတယ် မြန်မာပြည်က ဆိုင်ချက်ထက် သာတယ်ဆိုပဲ(ဟီးးးး)။ ဒါတောင် ငုံးဥလေး ကျန်ခဲ့သေးတယ်နော့။ နို့မိုဆို ဘယ်ထက်သာမယ် မသိဘူး။ အားပေးသွားကြပါအုံးဗျာ... အညာသားလက်ရာစစ်စစ်ပါ.....။
လာရောက်လည်ပတ်ကြတဲ့ အားလုံးသော ကျွန်တော်ချစ်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ...
4 comments:
သံပုရာရည်လေးဆမ်း ငရုတ်သီးမှုန့်လေး ဖြူးစားလိုက်ရလို့ကတော့...
စားချင်တယ် စားချင်တယ် ထပ်ပြီးစားချင်တယ် မှတ်ချက်။ ။ငြုပ်သီးအလှော်မှုန့်အား လုံးဝ မစားပါခင်ညာ :P
စားချင်ဒယ်....အကို ဟင့်ဟင့်..:):)
သံပုရာသီး၊နံနံပင်၊ ငရုပ်သီးလှော်မှုန့် လေးတွေလည်း ပါတာပေါ့ ကိုမြစ်ကျိုးအင်းရာ...ငရုပ်သီးက ကုလားအော် အစစ်မို့ စပ်တာက ဗမာတွေကိုအော်ကြတယ်ဗျာ....။
ko aungthulin>>> တို့ကတော့ ငရုတ်သီးအကြောင်း သိသွားပြီထင်ပါ့ဗျာ။ လုံးဝမစားတော့ဘူးဆိုပဲ... ကျုပ်တို့တော့ ငရုတ်သီးကို လူစွမ်းကောင်းလုပ်ပြီး လက်နဲ့ကိုင်တာ နောက်နေ့အထိကို လက်တွေ ပူနေလို့ မပြောချင်ပါဘူး။ စားဖူးသမျှ ငရုတ်သီးထဲမှာတော့ ဒီတစ်ခါ အစပ်ဆုံး ထင်တာပဲ။ တကယ်ပါ... ငရုတ်သီး ကြိုက်လှပြီထားတာ ဒီကုလားအော်နဲ့ တွေ့မှပဲ လက်မြှောက်ရတယ်...နောက်တခါချက်မှပဲ ထပ်စားတော့ဗျာ...
အိန်ဂျယ်ရေ>>> ကြာဇံတွေစားပြီး “ဒယ်” လေးတော့ ချန်ခဲ့ပေးနော် နောက်တခါချက်စရာ ဒယ် မရှိလို့...ဟဲ..ဟဲ(စတာနော်)
အားလုံးပဲ လာရောက်အားပေးတာကို ကျေးဇူးတင်ပါတယ်...
Post a Comment