အရင်ပို့စ်မှာ ကျွန်တော်ပြောခဲ့တဲ့ လမ်းဘေးက ပန်းခင်းထဲက ပန်းပင်လေးတွေ ဖူးပွင့်နေတာကို အမှတ်တရ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ။ ပန်းနာမည်ကိုတော့ မသိပါဘူး။ ကျုးလစ်ပန်း တစ်မျိုးပဲသိတယ်။ ကျန်တဲ့ပန်းလေးတွေ ကို နာမည်သိရင် ပြောခဲ့အုံးဗျာ။ ကျွန်တော်လည်း သိရတာပေါ့။ ပုံလေးတွေကြည့်ပြီး စိတ်အမောဖြေသွားကြအုံးဗျာ။
ဒီပုံလေးက အဆောင်နားရောက်မှ ရိုက်ထားတာ နောက်ကအနီရောင်က တိုက်နံရံပါ(ပုံလေးကို သဘောကျတယ်)
ဒီအောက်က ပုံလေးတွေကတော့ ကျောင်းနားလေးမှာ ပွင့်နေကြတဲ့ ပန်းပင်တွေက သဘောကျလို့ ရိုက်ထားတာလေးတွေပါ။ လေးလလောက် သစ်ရွက်ဆိုတာကို မမြင်ရဘဲ ရိုးတံကျဲကျဲ သစ်ပင်တွေနဲ့ နှင်းပြင်ဖြူဖွေးဖွေးတွေကိုသာ ကြည့်နေခဲ့ရတဲ့ မျက်စေ့တွေလည်း အခုမှပဲ အစိမ်းရောင်ဆိုတာကို တ၀ကြီး မြင်ရတော့တယ်။ ဒီအချိန်ကျတော့လည်း ဘယ်အပင်ကိုပဲ ကြည့်ကြည့် အရွက်တွေ၊ အဖူးအပွင့်တွေနဲ့ ဝေဆာနေလိုက်ကြ တာဗျာ ပျော်စရာကောင်းမှကောင်း။
ဒီအပင်တွေကလည်း မသိရင် မုန့်ညှင်းပွင့်တွေအလား... တူတော့အတော်လေးတူတယ်ဗျာ...
ဒီအထက်ကပန်းလေးတွေက အဖြူရောင်လည်း ရှိသေးတယ် ပွင့်ရင်တော့အတော်လေးမွှေးတယ် နာမည်တော့မသိပါကြောင်း
သူကတော့အပွင့်တွေဝေနေတဲ့ ပန်းသီးပင်ပေါ့
တောသားများဗျာ ခက်တော့ခက်သားကလား။ ဒီမြက်ခင်းနားရောက်တော့ မဆီမဆိုင် ရွာကနွားတွေကို သွားသတိရလိုက်သေးတယ်။ နွားတွေများ ချည်ပြီး ကျောင်းလိုက်ရလို့ကတော့ စားလိုက်မည့်ဖြစ်ချင်းဆိုပြီးပေါ့။ မြက်တွေက သန်သန်မာမာ နုနုထွတ်ထွတ်တွေ။ နွားကျောင်းလို့ သိပ်ကောင်းပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာပြောကြတယ် မိုးလေးများ အုံ့ဆိုင်းဆိုင်းဆိုရင် နွားတွေတောင် သူတို့ချည်တိုင်ကို ပြန်ပြီးလွမ်းသတဲ့။ ကျွန်တော်ကတော့ မြက်ခင်းစိမ်စိမ်းကိုမြင်လို့ အိမ်ကနွားတွေကို လွမ်းလိုက်မိသေးတယ်။ နွားတွေက တောင်သူလယ်သမားတို့ရဲ့ ကျေးဇူးရှင်တွေလေ။
ပုံလေးတွေကြည့်ပြီး စိတ်ချမ်းသာကြပါစေဗျာ...
8 comments:
အ၀ါရောင်လေးကကျိုင်းတုံပန်းတဲ့တော်တော်များများအမတို့
တောင်ကြီးမှာရှိတယ်ဒါပေမယ့်နာမည်မသိဘူး
ပန်းလှလှလေးတွေတစ်ဝကြည့်ရလို့
တောင်ကြီးကိုလွမ်းမိပါတယ်။
ပန်းခင်းလေးတွေ ရူခင်းလှလှလေးတွေကြောင့် စိတ်ကြည်နူးရလို့ ကျေးဇူးပါအကို....ကောင်းသောနေ့လေး ဖြစ်ပါစေ။:):)
အော် ရွှေညာသားလေးရယ်။ စာဥရောလွမ်းဘူးလားလို့ ။အမလဲဒီလိုပါပဲ။ဒီရောက်ခါစက စာရွက်တွေ ပုလင်းတွေ မြင်ယင် ရန်ကုန်တုန်းကပလတ်စတစ်ကောက်ကောက်နေတဲ့ကလေးလေးတွေကိုသတိရရနေမိတာ။
jasmine>>>> လာလည်တဲ့အတွက်ရော ပန်းနာမည်လေးပြောတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်ဗျာ...
အိန်ဂျယ်>>> စိတ်ကြည်နူးမှု့လေးတွေ အမြဲတမ်းပိုင်ဆိုင် နိုင်ပါစေနော်
အစ်မ မယု ရေ>>> စာဥကို လွမ်းစရာ မြင်ကွင်းက တွေ့ရဘူးလေ။ စာဥတို့က ပူပူအိုက်အိုက် လုံလုံခြုံခြုံ ၀တ်စားပြီး သနပ်ခါးပါးကွက်လေးနဲ့ ဆံထုံးလေးနဲ့ နေတာလေ။ ဒီကမြင်ကွင်းတွေကို မြင်ပြီး ပြန်ရောက်ရင် စာဥကိုမှ ကြည့်တတ်ပါ့မလား မသိဘူးဂျာ...:D:D:D
ကျေးဇူးတင်ပါတယ် အစ်မရေ လာလည်ပြီး အညာသံလေးတွေနဲ့ စာလေးတွေချန်ခဲ့တဲ့အတွက်...
စိတ်ချမ်းသာသွားတယ်.... :)
ပန်းပင်လေးတွေ ကြည့်ရတာ ရင်ထဲ ငြိမ်းချမ်းသွားတာပဲ။
bro ရေ ကျုးလစ်ပန်းဆိုတာ ဘယ်ပန်းကိုခေါ်ပါသလဲ
သိချင်လို့ပါ
Zain Myanmar >>> ပထမဆုံး နှစ်ပုံထဲက အဖြူ အနီ၊အ၀ါနဲ့ခရမ်းရောင်ပန်း
လေးတွေပါ...စနစ်တကျစိုက်ထားတာမဟုတ်ဘဲ ဌာနဘေးမှာပဲဖြစ်သလိုစိုက်
ထားတာမို့အပွင့်သိပ်မသန်တာ...သေချာစနစ်တကျစိုက်တဲ့နေရာတွေမှာတော့
အရောင်စုံနဲ့တော်တော်လေးကြည့်လို့လှတယ်...လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ.... :)
Post a Comment