Pages

Saturday, June 23, 2018

ပန်းတို့ ပွင့်ချိန်


 အခန်းချင်းကပ်လျက်စိုက်ပျိုးရေးကအစ်ကိုတစ်ယောက်ကသူ့ဌာနရှေ့မှာစကားဖြူပန်းတွေပွင့်လို့ဘုရားလှူဖို့
ခူးလာတာကျနော့်ကိုလည်းပေးလို့ဘုရားလှူဖြစ်ပါတယ်။သူပေးတုန်းကတော့ပွင့်ခါနီးအငုံလေးအာလေးတွေ
ရေဖျန်းပြီးဘုရားလှူတဲ့အချိန်မှာတော့ပွင့်နေကြပြီ။ပန်းရနံ့ကတခန်းလုံးသင်းပျံ့နေတာပါပဲ။



ငွေပန်း ကပ်လှူခြင်းကုသိုလ်

ဒုတိယအကြိမ် စကားဖြူပန်း ကပ်လှူခြင်းကုသိုလ်
အညှာလေးတွေကိုရေစိမ်ပေးထားတော့ သုံးရက်လောက်ခံပါတယ်။ကျောင်းကပြန်လို့ အခန်းတံခါးဖွင့် လိုက်ရင် ပန်းရနံ့ကမွှေးကြိုင်နေတာပါပဲ။

ကျောင်းသွားရင်း သဘောကျလို့ ဖုန်းနဲ့မှတ်တမ်းတင်ထားတာ

ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာကြဲပြန့်နေ 

စိန်ပန်းပြာ
ကျောင်းသွားလမ်းဘေးမှာ ပွင့်နေတဲ့ သစ်ခွ







ကျောင်းဝန်းထဲက သစ်ပင်တော်တော်များများမှ အခုလို သစ်ခွတွေ ပွင့်နေတာကို မြင်ရတာစိတ်ကြည်နူးစရာကောင်းပါတယ်း)

 ကျောင်းထဲကညနေပိုင်းတရက်ခြားဖွင့်တဲ့ ဈေးလေးက ပန်းပင်ဆိုင်မှာရောင်းနေတာ ဝယ်ချင်သော်လည်းထားစရာနေရာမရှိလေတော့ ပုံပဲရိုက်ထားတယ်း)





အဖူးအငုံတွေနဲ့ စံပယ်ပင်တွေ

ဒီပန်းကတော့ ဒေလီယာ ပန်းပင်ထင်တာပါပဲ သေချာတော့မသိပါဘူးး)

ကျနော့်အိမ်လေးဆီကိုလာလည်ရင်းပန်းပင်ပန်းပွင့်လေးတွေကြည့်ပြီးစိတ်အမောတွေဖြေဖျောက်နိုင်ပါစေဗျာ။
လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြ
ပါစေလို့ရွှေညာသားကဆုတောင်းပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

No comments:

Post a Comment