Pages

Saturday, April 28, 2012

ရွာအပြန်လက်ဆောင်...

အားလုံးသော အွန်လိုင်းမိတ်ဆွေ မောင်နှမများအတွက် ရွာပြန်တုန်း လက်ဆော့လာခဲ့တဲ့ အညာနွေရဲ့ ရှု့ခင်းပုံးလေးတွေနဲ့ အညာနွေနေပူပူမှာ ပွင့်လန်းနေတဲ့ ပန်းလေးတွေကို အညာအလွမ်းပြေကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
 ဒီပုံလေးကတော့ အညာနွေ နေပူပူအောက်က ပုပ္ပားတောင်ကြီးရဲ့ပုံလေးပါ...

သူတို့လည်း နေပူပူမှာအလုအယက် စားနေကြတယ်....
 
ဒီပန်းလေးကတော့ ကျုပ်တို့ဆီမှာ နွားမဆေးပန်းလို့ ခေါ်ပါတယ် အပင်က ရဲယိုပင်နဲ့ဆင်တယ် အသီးလည်းဆင်ပါတယ်... ပန်းရနံ့ကတော့ သင်းသင်းလေးနဲ့ အတော်မွှေးပါတယ်...
 ဒီပန်းလေးကတော့ လက်ထုပ်ပန်းတဲ့ နွေရာသီမှာ ပွင့်ပါတယ် သူ့အနံ့လေးကလည်း မွှေးမွှေးလေးနဲ့ အမောပြေစေပါတယ်...

 ကျုပ်တို့ရွာ အရှေ့ဘက်က ချောင်းခုံပါ နွေရာသီမို့ ရေတွေခမ်းခြောက်နေပါတယ်... မိုးတွင်းဆိုရင်တော့ ခဲတွေမမြင်ရပါဘူး...ရေတွေအပြည့်ပေါ့....

 လေးလေးတို့ ကြက်သွန်ခင်းမှာ ကြက်သွန်တူးနေကြတာပါ...ကျုပ်လည်းနှစ်ရက်ဆက်တိုက် ကူပြီးတူးပေးခဲ့ပါသေးတယ်....။

 နေပူပေမဲ့ ကိုယ့်လယ်ယာကထွက်တဲ့ သီးနှံဆိုတော့လည်း အခုလိုပဲသိမ်းဆည်းကြရတာပေါ့... သူတို့အတွက်အမောပြေစရာတွေပဲလေ...

ဒါကတော့ ဓာတ်ပုံရိုက်ရင်း ဘယ်လိုမှစိတ်မထိမ်းနိုင်လို့ ခူးလိုက်တဲ့ နွေရာသီထွက် ဖရုံရွက်နဲ့ ဖရုံသီးနုနုလေးတွေပါ... အိမ်ရောက်တော့ အဖွားကို ဟင်းချိုချက်ခိုင်းတယ်...အဲ့ဒီညနေက စားလို့ကောင်းလိုက်တာများ မပြောပါနဲ့....


 ရေကနည်းနေတော့ ကျောက်ခဲတွေက ချောင်းခုံတခုလုံးမြင်နေရတာ တစ်မျိုးလှသဗျာ...


 ရေနည်းပေမယ့် ကြည်ကြည်လင်လင်လေးပါနော့....သောက်လို့တော့ရပါတယ်...

ဒီအပင်လည်း လက်ထုပ်ပင်ပါပဲ..သူကတစ်နေရာမို့ ထပ်ပြီးရိုက်လိုက်တာ...

 ကျောက်တုံးမျက်နှာပြင်က ညီညာနေတော့ အ၀တ်တင်လျှော်ဖို့အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့...

ကျောက်ခဲကြားက ရေအေးအေးက ချိုးလို့အတော်ကောင်းသဗျာ.....

ပုံတွေအများကြီးကျန်သေးတယ် နောက်ရက်မှ ဆက်ပြီးတင်ပေးမယ်နော်...ကွန်နက်ရှင်က စိတ်မချရလို့ ပြီးသလောက်လေးပဲ တင်လိုက်တာ...နောက်ဆက်ပြီးတင်ပေးမယ်...ဘာပဲဖြစ်ဖြစ် ဒီပုံလေးတွေကြည့်ပြီး တခုခု ကျေနပ်မှုရတယ်ဆိုရင် လက်ဆော့ရကျိုးနပ်ပါတယ်ဗျာ...
ရွှေညာသားလေး

3 comments:

  1. အရမ်းလှပတဲ့အညာဒေသရဲ့နွေရှုခင်းလေးပါ။။။
    အကို ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာပါစေ။။။

    ReplyDelete
  2. အညာဒေသအလှအပကို ခံစားသွားပါတယ်

    ReplyDelete
  3. ဒီနေရာလေးတွေ ကိုတရင်းတနှီးတွေ့ဘူးနေပါတယ်
    အဲ့တာကြောင့်လဲ လွမ်းစွတ်မိ့နေတယ်ဗျာ
    တခုလောက်တော့ မေးချင်လို့ပါ ဒီပုံလေးတွေက နတ်ကန်လည် ရွာနဲ့ နီးလားဗျ တူနေလို့ပါ။ ပုံတွေရောစာတွေရောအားပေးသွားတယ်ဗျာ အောင်မြင်ပါစေ။

    ReplyDelete