အညာဒေသရနံ့လေးတွေပါတဲ့ “လက်ပံကောက်” သီချင်းလေးကို ယူကျု့မှာ ရှာတွေ့လို့ အလည်လာရင်း အလွမ်းပြေ နားဆင်ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကျောင်းတုန်းကတော့ တေးသရုပ်ဖော် ကတဲ့ သီချင်းလေးပေါ့။ ရှာနေတာ ကြာပြီဗျာ။ မနေ့ကမှ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့တယ်။ ၀မ်းသာလိုက်တဲ့ ဖြစ်ချင်း မပြောပါနဲ့တော့။ မြန်မာသီချင်းလေးတွေကို ယူကျု့မှာ တင်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးအထူးတင် မိပါတယ်။ ရိုးရိုးယဉ်ယဉ် အ၀တ်အစားလေးတွေ၊ သနပ်ခါးပါးကွက်လေးတွေနဲ့ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ကြည့်ရတာ ကျက်သရေရှိထားတာ။ အခုခေတ် ဒီလိုဝတ်တာ တော်တော်လေး ရှားနေပြီထင်ပါ့။ အကြိုက်ဆုံးထဲက သီးချင်းလေး တစ်ပုဒ်ပါပဲ။ နားထောင်းရင်းနဲ့ စိတ်က ရွာကိုပြန်ရောက်သွားတယ်ဗျာ။ အားလုံးပဲ ကျွန်တော်လို ထပ်တူဖြစ်လိမ့်မည်လို့ ထင်ပါတယ်။ ရွာသူရွာသားတွေ ဆိုရင်ပေါ့။ မြို့ကြီးသူ မြို့ကြီးသားတွေတော့ ပြောတတ်ဘူး။ နားဆင်သွားအုံး နော်။ အလွမ်းပြေပေါ့ဗျာ....
အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
3 comments:
င့ါဆီမှာ ဒီသီချင်း ရှိတာ ကြာပြီ ပြောတော့ မပြောဘူး ပို့ပေးမှာပေါ့..
အညာရဲ့ သရုပ်ကို ပီပြင်လွန်းလှပါတယ်... ဒီသီချင်းလေးကို ကြိုက်
တယ်..
ချစ်စရာ ကြည်နူးစရာ လေးမို့ လွမ်းရပါဘိ အကိုရယ်...
နားထောင်သွားတယ်..
Post a Comment