Pages

Wednesday, October 12, 2016

ငါးမြင်းကင်ပွန်းချဉ်

အရင်တခါ အစာအဆိပ်ဖြစ်ပြီးကတည်းက ငါးမြင်းကိုရှောင်နေတာအခုမှပြန်စားဖြစ်တယ်။အဲ့ဒီတုန်းကဖြစ်တာလဲ
ငါးမြင်းနဲ့ဒံပေါက်တွဲစားမိလို့ထင်ပါတယ်။တကယ်တော့တခြားငါးတွေနဲ့စာရင်အကြေးခွံမပါအရိုးလည်းနည်းတဲ့အတွက်
စားလို့အဆင်ပြေပါတယ်။

ငါးမှာပါတဲ့အဆီတွေကလည်းလူနဲ့တည့်တယ်ပြောကြတာပဲ။ဒါပေမဲ့ဝယ်တဲ့အခါတော့အဆီများတဲ့ဗိုက်သားကိုမပါအောင်
ခုတ်ခိုင်းရတယ်။တခြားအပိုင်းကပါတဲ့အဆီကိုတော့အသားနဲ့ရောပြီးစားလို့ရသေးတယ်။ဗိုက်သားအဆီတွေဆိုရင်တော့
စားလို့မရဘူး။

အဆီပါတဲ့ငါးမို့အချဉ်နဲ့တွဲချက်တော့စားလို့တမျိုးကောင်းပါတယ်။ခရမ်းချဉ်သီးကြက်သွန်ဖြူနီဆီသတ်၊ငါးပိအနည်းငယ်
ထည့်ပြီးအနှစ်ရတော့မှသန့်စင်ထားတဲ့ငါးမြင်းပိုင်းကိုထည့်ပြီးရေစပ်စပ်လေးနဲ့ချက်ပါတယ်။ကင်ပွန်းချဉ်ရွက်ကိုဟင်းအိုး
ဆူပွက်လာမှအပေါ်ကထည့်ပါတယ်။ငါးအသားတွေမာသွားရင်အထက်အောက်လှန်ပေးပြီးရေအနေတော်ကျန်ရင်
ငရုတ်သီးစိမ်း၊ပင်စိမ်းရွက်၊နံနံပင်တို့ပါအုပ်ပြီးဟင်းအိုးကိုမီးဖိုပေါ်ကချပါ။အချဉ်ဓာတ်လေးပါတဲ့ငါးမြင်းကင်ပွန်းချဉ်ဟင်း
ကိုထမင်းပူပူလေးနဲ့တွဲဖက်စားလို့ရပါပြီ။

ကျောင်းဖွင့်ရက်တွေဆိုရင်တော့ဈေးမသွားဖြစ်ဘဲရှိတာလေးကိုမီးမပျက်ခင်မြန်မြန်ချက်ခဲ့ပြီးမှကျောင်းကိုသွား။နေ့လယ်စာ
စားချိန်အဆောင်ပြန်စားနဲ့ညနေပိုင်းကျမှစိတ်တိုင်းကျအေးအေးဆေးဆေးချက်စားဖြစ်တယ်။သူများတွေလိုရပ်ကွက်ထဲ
မဆင်းတော့ရတဲ့အချိန်ကိုယ့်ဝါသနာကိုအကောင်အထည်ဖော်လို့ရတာပေါ့။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

4 comments:

  1. ကင်ပွန်းရွက်စားချင်လွန်းလို့ အိမ်ကိုအခြောက်ခံပို့ ပေးပါမှာတာ
    ရောက်လာလို့ ခုချက်စားထားတယ်။
    ပုစွန်လေးနဲ့ ။
    တော်သေးတာပေါ့ ကို်ယ့်မှာလည်းအဲဒီဟင်းလေးချက်ထားလို့ 
    မဟုတ်ရင် ဂလုပြီးပြန်ရအုန်းမှာ။“
    အို်င်အိုရာ

    ReplyDelete
  2. ဒီမှာတော့ ပေါတယ် အစ်မအိုင်အိုရာ
    ဈေးထဲရောက်လို့ ကဆစ် သီးတွေမြင်ရင် သတိရမိတယ်ဗျ
    ကဆစ်သီးထောင်းစားမယ် စားမယ်နဲ့
    မီးဖိုနဲ့ချက်တာမဟုတ်တော့ မီးဖုတ်လို့မလွယ်တာနဲ့
    မစားဖြစ်သေးဘူး ကဆစ်သီးဟင်း သပ်သပ်တင်အုံးမှပါ :)
    ပျော်ရွှင်ပါစေအစ်မ

    ReplyDelete
  3. အညာကိုငယ်ငယ်ကခနခနအလည်ရောက်ဖူးပါတယ်။ အခုမြန်မါပြည်နဲ့အဝေးကြီးရောက်တဲ့အခါ ရန်ကုန်ကိုလုံးဝမလွမ်းဘဲအညာကိုဘဲလွမ်းပါတယ်။ ရူခင်းပုံတွေကြည့်ရတါကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. မ thuzar aung လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ အညာအလွမ်းပြေစေဖို့ အညာကပုံလေးတွေ connection ကောင်းရင် ဆက်လက်တင်ပေးပါ့မယ်
    ကျနော်လည်း အပြင်မှာတုန်းက လွမ်းခဲ့ဖူးတယ် အညာအငွေ့အသက်တွေကိုသဘောကျရင်
    ဆရာမ ခင်ခင်ထူးရဲ့စာအုပ်လေးတွေရှာဖတ်ပါဗျာ သူမစာအုပ်တွေကိုအဝေးရောက်နေတဲ့အချိန်ဖတ်ရတာ
    အရမ်းအရသာရှိတယ် :)

    ReplyDelete