Pages

Friday, November 1, 2013

ပထမဆုံးစားဖူးတဲ့ဒီအရွက်...

သူများတွေပြောတဲ့ဒရင်ကောက်အရွက်ဆိုတာလားမသိပါဘူးဗျာ။ကျုပ်တို့အညာမှာတော့
စားရကောင်းမှန်းမသိပါဘူး။ရွာမြောက်ဘက်ကရိုးတွေထဲမှာအတော်လေးကိုပေါတဲ့အရွက်
တွေပါပဲ။တခါတခါတော့မြို့ကပန်းဆိုင်တွေမှာအလှပန်းစည်းတွေစည်းတဲ့အခါအပြင်ဘက်
ကနေအကာအဖြစ်နဲ့အရွက်ရင့်တွေကိုသုံးတာမြင်ဖူးပါတယ်။ဒီမှာတော့အရွက်နုလေးတွေ
ရောင်းနေတာတွေ့လို့ဝယ်ပြီးကြော်စားကြည့်ပါတယ်။အရသာကဆိမ့်ဆိမ့်လေးနဲ့စားရတာ
တစ်မျိုးပါပဲ။





စပြီးစားတာမို့ခပ်လန့်လန့်ပါပဲ။တော်ကြာနေအစားမတော်တလုတ်ဆိုတာလိုကွိသွားမှဖြင့်
သမိုင်းတွင်သွားမှာ။ဒါပေမဲ့သူများတွေတောင်စားကောင်းလို့စားနေကြတာပဲဆိုပြီးကိုယ့်ကို
ကိုယ်ဖြေသိမ့်လို့ရဲရဲသာစားပစ်ပါတယ်။နောက်တစ်ခါကျတော့ပိန္နဲသီးနဲ့ရောပြီးကြော်တာ
လည်းစားလို့ကောင်းပါတယ်။စားကောင်းလို့ဓာတ်ပုံရိုက်ဖို့ကိုမေ့သွားတယ်ဒါကြောင့်အရင်
ရိုက်ထားတဲ့ပုံလေးတွေပဲတင်ပေးလိုက်ပါတယ်ဗျ။


ဒရင်ကောက်အရွက်ဟုတ်မဟုတ်ပြောခဲ့ပေးအုံးဗျာ။တခြားနာမည်ရှိရင်လည်းပြောပြပါအုံး။
လာလည်တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
လေးစားမှုဖြင့်
ရွှေညာသားလေး



5 comments:

  1. အဲဒါဍရင်ကောက်ရွက်ဟုတ်ပါတယ်။
    ချင်းတောင်တန်းတွေကချင်တောင်တန်းတွေဖက်မှာဆိုတောထဲမှာအလွန်ပေါတာပေါ့။
    ကျမတို့ အဲဒီဖက်တွေမှာကွင်းဆင်းတုန်းကဆို ဟင်းရွက်စားချင်တော့အဲဒါတွေအမြဲခူးပြီးကြော်စားပြုတ်စားသုတ်စားဟင်းချိုချက်သောက်ကြော်ချက်ချက်စားစားကြရတယ်။
    ဒါပေမဲ့ ပန်းတွေနဲ့ အလှထိုးတဲ့အရွက်နဲ့ မတူဘူး။ တောထဲမှာလည်းစားရတာနဲ့ စားမရတာတွေတွဲပေါက်တတ်တယ်။ မြင်ပါများတော့မှခွဲတတ်သွားတာ။ တော်တော်တူတယ်။
    သုတ်စားလည်းကောင်းတယ်။
    အိုင်အိုရာ

    ReplyDelete
  2. မအိုင်အိုရာ...ကျေးဇူးတင်ပါတယ်ဗျာ...ကျနော်ကအဆင်တူဆုံးအရွက်ကို
    မျက်စိထဲမြင်မိတာသူ့နာမည်အတိုင်းဂူဂယ်မှာရိုက်ကြည့်တော့ကျလာတဲ့
    အပင်ပုံကရွာဘက်မှာမြင်တွေ့နေကျအပင်မျိုးမို့..ဟီးဟီးးတော်သေးတယ်
    အဲ့လိုမျိုးသိတဲ့သူရှိလို့..အခုလိုပြောပြပေးတာ.ကျေးဇူးတင်ပါတယ်နော်...။

    ReplyDelete
  3. ကောက်ကွေးညွန့် ( ဒရင်းကောက်ညွန့် )
    အင်္ဂလိပ်လို FIDDLEHEAD လို့ခေါ်ပါတယ်
    ရခိုင်လို ကောက်ကောက်ညွန့် ။ မက်ကလာညွန့် ။
    တချို့နယ်တွေမှာ ဖျံမနိုင်ညွန့် လို့လည်းခေါ်ပါတယ်။
    ပဲပုတ်နဲ့ကြော်စားလို့ကောင်းသလို ၀က်သားကြက်သားနဲ့ ဟင်းချိုချက်စားလည်းကောင်းတယ်။ သူ့ချည်ပဲကြော်စားလည်း ကောင်းပါတယ်။
    အေးတဲ့ရာသီဥတုရှိတဲ့ ဒေသတွေမှာ ပိုမိုအောင်မြင်ပါတယ်။
    တချို့ဒေသတွေမှာ စားလို့မနိုင်ရင် အခြောက်လှန်း
    စားခါးနီး ၃ နာရီလောက် ရေကြိုစိမ်ပြီး ကြော် ချက် ပြုတ် သုတ် စားကြပါတယ်။
    ရွှေညာသားလေး အခုချက်ထားတဲ့အရွက်က နည်းနည်းလေး ရင့်သေးတယ်
    သူ့ထက် နုတာလေးတွေ ကြော်စားကြည့် အရမ်းကောင်းတယ် :)

    ReplyDelete
  4.့ ဒရင်ကောက် မစားရတာကြာပေါ့...သူ့ကို ငါးနဲ့ချက်စား သိပ်ကောင်းတာ။
    ငါးခူနဲ့ချက်စားလည်း အရသားသိပ်ရှိ..ချိုနေတာဘဲ...ဒီပုံလေးမြင်တော့
    တောရွာလေးမှာ နေခဲ့တာကိုသတိရမိတယ်။ ချောင်းငါးနဲ့ ဒရင်ကောက်လေး
    ဟင်းလေးချက်ပြီး ငရုတ်သီးထောင်းနဲ့စားလိုက်...အိုးးးး..ပြောရင်း စားချင်
    လာပြီ...

    ReplyDelete
  5. Q-teနဲ့အလွမ်းမြို့>>>> ကျေးဇူးတင်ပါတယ်ဗျာ...ဗဟုသုတတွေထပ်ရ..
    ဟင်းချက်နည်းတွေရောပိုသိသွားရတဲ့အတွက်...:)

    ReplyDelete