Pages

Friday, February 15, 2013

တစ်ခါတစ်လေတော့လည်း ဒီလိုလေးနဲ့ပဲညစာစားရတယ်...

ဒီနေ့ညနေအတန်းချိန်နောက်ကျလို့ ကျောင်းကပြန်ရောက်မှပဲ မြန်မာကပါလာတဲ့ ငါးပိရည်ထုပ်လေးဖျော်ပြီး ခရမ်းသီးပြုတ်၊ပဲစောင်းလျားသီးပြုတ်၊ရေနွေးလေးနဲ့ညနေစာကို လွေးလိုက်ပါတယ်။  သြော်..ကျန်သေးတယ်ဗျ စီနီယာ အစ်မတစ်ယောက်ဆီက ဗူးသီးဟင်းခါလေးလည်းပါသေးတယ်။ကျောင်းကအပြန်ဆာဆာနဲ့ အားပါးတရ လွေးလိုက်တာ ပုံထဲက ထမင်းပန်းကန် တက်တက်စင်အောင် ပြောင်သွားတာပဲ။ အသားဟင်း မပေမဲ့ ထမင်းမြိန်တယ်ဗျာ။ ရွှေညာသားလေး ထမင်းစားရင် ရေနွေးကမပါမပြီး ရေအေးကိုမသောက်ဖြစ် တာကြာပြီ။ ကျန်းမာရေးနဲ့ ညီလား မညီလားတော့ မပြောတတ်ဘူးဗျာ။ ရေနွေးသောက်ရတာကို အတော် ကြိုက်တယ်။ 

ကော်ဖီကြိုက်တဲ့သူများလိုပဲ ရေနွေးလေးမှမသောက်ရရင် တခုခုလိုနေသလိုခံစားရတယ်။ ဒါကြောင့် ဒီကိုလာကတည်းက လဘက်ခြောက်ကို သတိတရနဲ့သယ်လာခဲ့တယ်။ အမေကလည်း သေသေချာချာ ထုပ်ပြီးထည့်ပေးလိုက်တယ်ဗျ။ ဒီမှာက ရေနွေးသောက်သူနည်းတော့ လဘက်ခြောက်သိပ်မရှိဘူး။ သတို့တွေက မနက်အစောလည်း အအေးပဲသောက်ကြတယ်။ စားတော့အသား သောက်တော့အအေး ဒါကြောင့် သူတို့လူမျိုးတွေကြည့်လိုက်ရင် ပိန်တဲ့သူက ခပ်ရှားရှားဗျ။ ကျုပ်အတွက်ကတော့ အိမ်မှာစားဖြစ် ရင် ရေနွေးက အမြဲတမ်းပါတယ်။ ဒါကြောင့်လားမသိဘူး လူကအဆီတွေကျပြီး ပိန်ထှာဗျာ။ စိတ်ထောင်း ကိုယ်ကျေဆိုသလို စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်မယ်ထင်တယ်။ တွေ့တဲ့သူတိုင်းကပြောတယ် ပိန်လို့တဲ့။ 

အသားဟင်းမပါပေမဲ့ ထမင်းမြိန်တဲ့ ညနေစာပါ...သုံးဆောင်ကြပါအုံးဗျာ။ ငါးပိရည်ကျိုကတော့ အသင့်စား အထုပ်ကိုဖျော်ထားတာမို့ ခက်ခက်ခဲခဲမဟုတ်ပါဘူး...။

အားလုံးကျန်းမာချမ်းသာကြပါစေ...
မျိုးခန့်(စကားဝါမြေ)

4 comments:

  1. ဒါမျိုးလေးပဲစားချင်တာရွှေညာသားလေးရေ။း)
    ကျန်းမာရေးတော့ဂရုစိုက်ပါ။
    အိုင်အိုရာ

    ReplyDelete
  2. ဆရာ ကြိုးစားထာ။။ ခင်မင်လျက် အံ့ထက်

    ReplyDelete
  3. အခု ကျွန်တော် ဆရာထွန်းအဆောင်ရောက်နေတယ်။ RC 2 က ခပေါင်းဆောင်မှာ။ အဆင်ပြေလား? ဆရာထွန်းကလဲ ဆရာကိုမေးနေတယ်။ Bye Bye. ခင်မင်လျက် အံ့ထက်

    ReplyDelete
  4. ၀ိတ်ချမလို့ကြံနေတာ အခုမှပဲ ဓာတ်စာကောင်းတွေ့ရတော့တာကိုးး)

    ReplyDelete