Pages

Sunday, July 3, 2011

တေးလက်ဆောင်

ဒီသီချင်းလေးထဲကလိုပဲ အကြင်နာ၊မေတ္တာစေတနာတွေနဲ့ နွေးထွေးနေတဲ့ အမေ့အိမ်ကို မကြာခင်ပြန်ရတော့မှာမို့ ကျွန်တော်နဲ့အတူ အလွမ်းပြေ နားဆင်နိုင်အောင် ဒီသီချင်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်အပါအ၀င် အမေ့အိမ်နဲ့ ဝေးကွာနေကြရတဲ့ သားသမီးတိုင်း နွေးထွေးလှတဲ့ အမေ့အိမ်လေးဆီကို ပြန်ချင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူတစ်ပါးတိုင်းပြည်တွေ ဘယ်လောက်ပဲ တိုးတက်ဖွံဖြိုး တယ်ဆိုပေမဲ့ မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အမေ့အိမ်လေးကတော့ ကျွန်တော်တို့ သားသမီးတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်လေးပါ။ ကျွန်တော်ကတော့ ဒီသီချင်းလေးကို နားထောင်ရတဲ့အချိန်တိုင်း အမေ့အိမ်လေးကို လွမ်းလို့ မျက်ရည်ကျမိတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အေးမြတဲ့ အမေ့အိမ်လေးဆီကို အောင်မြင်မှု့တွေ ရင်မှာပိုက်ပြီး ပြန်လာနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်...။


5 comments:

  1. ဟွန့် လွမ်းနေပါတယ်ဆိုမှ အကိုနော်...ငိုအောင် လာလုပ်နေတယ်...:(
    ခံစားအားပေးသွားလျှက်....
    ကောင်းသောနေ့လေး ဖြစ်ပါစေ...လို့ဆန္ဒပြုရင်း...

    ReplyDelete
  2. ရွှေညာလေးရေ နေကောင်းလားဗျာ...ပြန်မယ်ဆိုတာ အလည်ပဲလား...(အပြီးပြန်ရင် ဘုန်းဘုန်းသူငယ်ချင်းတွေ လျော့ကုန်တော့မှာပဲ...)ခံစားအားပေးသွားတယ်...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

    ReplyDelete
  3. လာနားထောင်သွားပါတယ်။ အမေ့ကို စားချင်တာတွေ ချက်ကြွေးခိုင်းတော့မယ်ပေါ့။
    အိုင်အိုရာ

    ReplyDelete
  4. ဘယ်ဟုတ်မလဲဗျာ။အမေ့ကိုလဲလွမ်းတာလဲပါမှာပေါ့။အဓိက ကတော့ရွာကစာဥပေါ့ဗျးးးးးးးးးးးးး)

    ReplyDelete
  5. အိန်ဂျယ်ရေ...ငိုတော့ငိုပါနဲ့ဗျာ...မချော့တတ်ဘူး...(ဟီးးဟီးးး) စတာနော်...စိတ်မဆိုးပါနဲ့...။

    ဘုန်းတောက်ရေ...အပြီးပြန်ရဖို့များတယ်...မြန်မာပြည်ရောက်ရင်လည်း လာလည်မှာပေါ့ စာတွေသာများများရေးနော် လာပြီးအားပေးမယ်။ အမြဲလာလည်တဲ့အတွက် ကျေးဇူးပါဘုန်းဘုန်းရေ...။

    ဟုတ်တယ် အိုင်အိုရာရေ.. အမေ့လက်ရာကို မစားရတာ ကြာပြီလေ ဒီမှာချက်ခဲ့ရသမျှ အမေ့ကို ပြန်ပြီးချက်ကျွေးခိုင်းမယ်။ ဒါပေမဲ့ ကိုယ်ကအလုပ်နဲ့ဆိုတော့ ကိုယ်တိုင်ပဲချက်ရဖို့က ပိုသေချာနေတယ်ဗျာ။ လာလည်တဲ့အတွက် ကျေးဇူးပါလို့..။

    ကို phothar25 ရေ အခုထိတော့ အမေကလွဲရင် စာဥဆိုတာလည်း မရှိသေးဘူးဗျ။ ဒီတစ်သက်တော့ တစ်ကိုယ်တည်းအရိုးထုတ်ရမည် ကံဇာတာပါလာတယ်ထင်ပါ့ဗျာ...။ လာလည်လို့ ကျေးဇူးတင်ပါတယ်ဗျာ ပျော်ရွှင်ပါစေ...။

    ReplyDelete