ဒီနေ့တော့ ဗီယက်နမ် ဈေးကိုရောက်ခဲ့လို့ ကန်စွန်းရွက် ၀ယ်လာခဲ့တယ်။ နွေရာသီရောက် တော့မှာမို့ အသီးအရွက်တွေလည်း ဆောင်းရာသီတုန်းကလောက် ဈေးမကြီးတော့ဘူး။ ကန်စွန်းရွက် တစ်ကီလို ရူဘယ်(၅၀)၊ မုန့်ညှင်းရွက်က တစ်ကီလို(၄၀) ဆိုတော့ ၀ယ်စားနိုင်ပါတယ်။ ဆောင်းတွင်းတုန်းကတော့ တစ်ရာကျော်၊ နှစ်ရာလောက်ရှိလို့ မြင်ပါသော်လည်း မကြင်ရဘူးပေါ့နော့။
 |
| ကန်စွန်းရွက်တစ်ကိုယ်တည်း |
ကန်စွန်းရွက်ကြော်လည်း မစားရတာကြာလို့ အ၀တီးမယ်ဆိုပြီး တစ်ကီလို ၀ယ်ခဲ့တယ်။ မုန့်ညှင်းရွက်က တစ်ကီလို ၀ယ်ပြီး ရေခဲသေတ္တာထဲထည့်ထားတော့ တစ်ပတ်လောက်တော့ ရွှေညာသားတို့ ထမင်းပွဲ အရွက်စိမ်းစိမ်းလေးတွေ ပါအုံးမယ်ပေါ့ဗျာ။
 |
| မှိုကလည်း သီးသန့်ပဲနေချင်တယ်တဲ့ |
ဈေးမှာတွေ့ခဲ့တာတွေကတော့ အများကြီးပဲ။ ကြက်ဟင်းခါးသီးလည်း တွေ့တယ်။ ဂေါ်ရခါသီး၊ ပဲတောင့်ရှည်၊ ပူစီနံ၊ ဟင်းနုနွယ် စတဲ့ အသီးအရွက်တွေပေါ့။ ကိုယ်သိတာရော မသိတာတွေရောပဲ မြန်မာပြည်က ဈေးကိုရောက်သွားသလိုပဲ။ စိမ်းစိမ်းစိုစိုနဲ့ ၀ယ်ချင်စရာတွေ ပေါချက်ဗျာ။ မကြာခင်ပြန်ရတော့မှာမို့ စိတ်ကို ထိန်းပြီး မစားရတာ ကြာတဲ့ ကန်စွန်းရွက်နဲ့ မုန့်ညှင်းကိုပဲ ၀ယ်လာခဲ့တယ်။ ကျန်တဲ့အသီးအရွက်တွေကိုတော့ မြန်မာပြည် ရောက်တော့မှပဲ အ၀စားတော့မယ်လေ။
 |
| ပြောစကား နားမထောင်လို့ ဆိတ်ပစ်လိုက်တယ် |
 |
| မှိုကိုတော့ ဓားနဲ့စိပ်လိုက်ပါတယ် |
очень вкусно
ReplyDeleteပို့စ်မှာတော့ တင်ထားတာဘဲ... တစ်ခါမှတော့ခေါ်ကျွေးမယ်မရှိဘူး။း)
ReplyDelete