Pages

Saturday, December 29, 2018

အညာသားလက်ရာ စုစည်းမှု

အခုတော့ ဒီဇင်ဘာကျောင်းပိတ်ရက်တဆောင်လုံးနီးပါးပြန်ကုန်ကြလို့အဆောင်လည်းတိတ်ဆိတ်နေတယ်။
ထမင်းဆိုင်တွေလည်းပိတ်တော့အဆောင်ကျန် international sutdents ​တွေလည်းအပြင်ထွက်မစားရင်
အဆောင်အောက်က 7/11 မှာအသင့်စားခေါက်ဆွဲနဲ့ထမင်းဗူးတွေဝယ်စားကြရတယ်။အိုးခွက်ရှိတဲ့သူတွေ
ကတော့ချက်ပြုကြော်လှော်စားသောက်ကြပေါ့။အညာသားက ထမင်းပေါင်းအိုးတစ်လုံးနဲ့ဒယ်အိုးနီတစ်လုံး
ဆောင်ထားလို့ အဆင်ပြေတယ်။ အခုတင်တဲ့ပို့စ်ကတော့ စိတ်လိုလက်ရရှိတဲ့အခါ တခါတလေချက်စားဖြစ်တဲ့ဟင်းခွက်လေးတွေပါ။

 သဘွတ်သီး ပဲသီး ခရမ်းသီး မုံလာထုပ် နဲ့ ကြက်သားသပြွမ်း

ခရမ်းချဉ်သီးထောင်းစားချင်လို့ ဌာနကမိုက်ခရိုဝေ့ဖ်နဲ့ ခရမ်းချဉ်သီးကိုမီးဖုတ်ပြီး ထောင်းစားတုန်းက
မှတ်တမ်းတင်ထားတဲ့ ခရမ်းချဉ်သီးလူပျိုဖျော်း)
 ထမင်းဆိုင်က ပါဆယ်ထုပ်ပြီး စားနေကျ ထမင်းထုပ်ပုံစံ

 ရွှေပဲသီး မုံညှင်းဖူး မုံလာထုပ် ခရမ်းသီး အသီးအရွက်ကြော်
 မျှစ် ခရမ်းသီးချဉ်ပေါင် ချဉ်စပ်


 မုံလာဥနီ ပန်းမုံလာ ဖြူစိမ်း ပြောင်းဖူးအသေး ရွက်စုံကြော်

 အိမ်မှာအမေမကြာခဏချက်တတ်တဲ့ ပင်စိမ်းရွက်ခရမ်းချဉ်သီးငရုတ်သီးစပ်
 ညဈေးတန်းကို သူငယ်ချင်းနဲ့သွားလည်တာ ထိုင်စရာနေရာမရှိလို့ ပါဆယ်ထုပ်ပြီး အဆောင်ရောက်မှရေနွေးသောက်ရင်း စားရတဲ့ သဘောင်္သီးထောင်း ပှုဇွန်လုံးတွေထည့်ထောင်းပေးလိုက်တာ မစားရဲလို့ ဘေးဖယ်ထားလိုက်တယ်း)


 ရာထူးတိုး နဲ့ အတန်းပြီးတဲ့ အထိမ်းအမှတ် ခေါက်ဆွဲကြော် စားလို့ကောင်းလို့
သူငယ်ချင်းတွေက ခေါက်ဆွဲကြော်စားတိုင်း ကိုအညာသားလက်ရာကို သတိရနေတော့မှာတဲ့း)
သီးစုံရောသမမွှေ
 ဒါလည်း အမေ့လက်ရာကိုသတိရလို့ ချက်စားတဲ့ ငါးပိချက် ပေါက်ပန်းဖြူရွက်ပြုတ်နဲ့ အလွန်လိုက်ဖက်တဲ့ ဟင်းပါး)
 တို့စရာအစုံ ပေါက်ပန်းဖြူရွက်ပြုတ်နဲ့ဗူးညွှန်ပြုတ်တာပါသေးတယ်
 ဝက်သားနဲ့ ပိန္နဲသီး သပြွမ်း
 ဒီဟင်းချက်တဲ့နေ့က ထမင်းအိုးလုံးပြုတ်တယ်း)

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။အညာသားရဲ့အိမ်လေးဆီလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Tuesday, December 25, 2018

နှင်းမဖွေး မိုးအေးတဲ့ ဒီဇင်ဘာ

 ကျောင်းအပြန် မှောင်စပျိုးချိန် အဆောင်ဝရံတာကနေ တောင်တန်းတွေဆီမျှော်ကြည့်မိခိုက်
အတိတ်က ဖြတ်သန်းခဲ့ရာ အညာမြေကအရိပ်တွေဆီခဏတာပြန်ရောက်သွားခဲ့တယ်။

 မနက်အိပ်ယာထချိန်နဲ့ ညနေကျောင်းပြန်ချိန်တိုင်း နှုတ်ဆက်ဖြစ်တဲ့ အဖော်မွန်လေးများ

 တသက်တာ ပျော်ရွှင်မှုအတွက် သစ်ပင်စိုက်ပါတဲ့

 ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ အဆောင်ပေါ်မှမြင်ရတဲ့ ကန်ရေပြင်

 တခုသောညနေ အလုပ်တွေခဏထားပြီး ဌာနအောက်ဆင်း လေကောင်းလေသန့်ရှုရင်း
ကောင်းကင်ပြာအောက်မှာ လှပနေသော ကျောင်းထဲက ရွှေဖရုံသီးအဆောက်အအုံ လက်ချာဟောခန်း လေးခုရှိတယ် ကျောင်းသူကျောင်းသားအများကြီးဆန့်တဲ့ သီရေတာ တွေပေါ့

 ဘာပန်းခေါ်သလဲ မသိပေမဲ့ ကျောင်းသွားလမ်းဘေးမှာ အမြဲတမ်းပွင့်တတ်တဲ့ လောကကိုရှိသမျှအလှနဲ့ အလှဆင်ပြီး တာဝန်ကျေပွန်နေတဲ့ ပန်းတစ်ခက်

 စိန်ပန်းဝါ လို့ခေါ်သလားမသိ အပွင့်ချင်းဆင်တဲ့ ခရမ်းရောင် လည်းတွေ့တယ်
 တောင်ခိုးတွေဝေတဲ့ တစ်ခုတော့ ဒီဇင်ဘာ နေ့တနေ့

 
 အဲ့ဒီနေ့က ဒီမြင်ကွင်းတွေကိုငေးရင်း ပုပ္ပားမြေက အမေ့အိမ်ကိုလွမ်းမိတယ်

 ရှိသမျှအလှနဲ့ လောကကို အလှဆင်နေတဲ့ သစ်ခွပန်းတွေ


ကျောင်းဝန်းထဲမှာပဲ အမည်မသိတဲ့ နောက်ထပ် ပန်းတစ်မျိုး သူ့အလှနဲ့သူ လောကကို အလှဆင်နေရဲ့

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။အလည်လာတဲ့
အတွက်ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား

Friday, December 7, 2018

ဒီဇင်ဘာနဲ့အတူ ငွေတောင်ပြည်သို့


 https://manchester.hubbub.net/p/eTekkathointernship/
အတိုးအပြောင်းကိစ္စတွေနဲ့ဆူညံပွက်လောရိုက်နေတဲ့ပညာရေးလောကမှာပါဝင်နေရတဲ့အညာသားတို့လည်း
ဒီလအတိုးအပြောင်းမှာလက်ထောက်ကထိကရာထူး(၃-၁၂-၂၀၁၅)မှာစပြီးတိုးခဲ့တာက(၃-၁၂-၂၀၁၈)မှာ သုံးနှစ်ပြည့်တယ်။အဲ့ဒီနေ့ညမှာပဲ တဆင့်မြင့် ကထိက ရာထူးကို အပြောင်းအရွှေ့တွေနဲ့အတူတိုးပေးတယ်။
ကိုယ့်အဆင့်နဲ့လူကြီးတွေလုပ်တာကိုမဝေဖန်လိုပါဘူး။ဘာပဲဖြစ်ဖြစ်ကိုယ့်အနေနဲ့ကဘယ်နေရာရောက်ရောက်
ရောက်တဲ့နေရာမှာကိုယ်တတ်စွမ်းသရွေ့ကောင်းအောင်ကြိုစားဖို့၊ကိုယ့်တပည့်တွေကိုယ်သိထားတတ်ထားတဲ့
ပညာတွေမျှဝေဖို့စတာတွေပဲခေါင်းထဲမှာထည့်ထားလို့သိပ်ပြီးမခံစားရပါဘူး။ကိုယ်နဲ့ထိုက်တန်တယ်ထင်လို့ တိုးပေးတဲ့တာဝန်ကျေပွန်အောင်ထမ်းဆောင်ရမှာကိုယ့်အလုပ်ပဲလေ။မထိုက်တန်သေးဘူးထင်လို့တိုးမပေး
လည်းဘာမျှတောင်းဆိုခွင့်မရှိဘူး။တောင်းဆိုလို့ရသည့်တိုင်တောင်းမှရတဲ့အရာမျိုးလည်းလိပ်ပြာမသန့်ဘူး။
ဒါကြောင့်သူများတွေပြောကြရေးကြဝေဖန်ကြတာတွေကိုအသာထိုင်ဖတ်ပြီးတော့နေလိုက်တယ်။

တကယ်တမ်းအမိန့်ကြော်ငြာစာထွက်တဲ့အချိန်ကိုယ်ကလိုင်းပေါ်မှာရှိမနေပါဘူး။ဘုရားဝေယျာဝစ္စလုပ်နေတာ
မို့ဘုရားရှိခိုးအမျှဝေပြီးတဲ့အချိန်ဖုန်းဖွင့်တော့မှအစ်မတစ်ယောက်ကလွိုင်ကော်ကိုဆိုတဲ့မက်ဆေ့တခုပို့ထား
တာတွေ့တယ်။အပြောင်းအရွှေ့တင်တဲ့အချိန်မှာလည်းကိုယ်ကပြည်တွင်းမှာမဟုတ်တော့ကျောင်းမှာကျန်ခဲ့တဲ့
သူငယ်ချင်းကိုပဲကိုယ်စားတင်ပေးခိုင်းရတာ။ဦးစားပေးကျောင်းကိုလည်းရန်ကုန်၊မန္တလေးနဲ့လွိုင်ကော်သုံးကျောင်း
ပဲထည့်ခိုင်းတာ။ပထမနှစ်ခုထဲကတခုခုကိုရောက်ရင်ဒီမှာကိုယ်လုပ်တဲ့သုတေသနပြန်အသုံးချလို့ရနိုင်တာမို့၊
နောက်ဆုံးတခုကတော့အဖေအမေနဲ့နီးတဲ့နေရာဖြစ်လို့ဆိုပြီးတင်လိုက်တာ။ကံကောင်းစွာပဲအမေနဲ့နီးရာဆီကို
ပို့ပေးတယ်။အမိန့်ကြော်ငြာစာမထွက်ခင်အမေနဲ့ဖုန်းပြောတော့အပြောင်းအရွှေ့တင်ထားတယ်ဘယ်ကိုပို့မလဲ
မသိသေးဘူးဆိုတော့လွိုင်ကော်ရရင်တော့အကောင်းဆုံးပေါ့လူလေးတဲ့၊ဒါပေမဲ့ဝန်ထမ်းဆိုတော့သူတို့ပို့တဲ့ဆီ
သွားရမှာပဲလေဆိုပြီးသူ့ဘာသာပြန်အားပေးတယ်။

ဘာပဲဖြစ်ဖြစ်ကိုယ့်မွေးရပ်မြေစစ်စစ်နဲ့နီးရာမှာတာဝန်ပြန်ထမ်းခွင့်ရလို့ပျော်မိတာတော့အမှန်ပါ။အဖေနဲ့အမေကို
အနီးကပ်မပြုစုရတာလည်းနှစ်တော်တော်ကြာနေပြီမို့တာဝန်ထမ်းရင်ပြုစုခွင့်ကြုံတယ်။နေရာဒေသရာသီဥတု
ကလည်းနေထိုင်ကောင်းတော့သဘောကျတယ်။တကယ်တမ်းတာဝန်ချတဲ့အချိန်လူကိုယ်တိုင်ပြည်တွင်းမှာမရှိ
တာလေးတခုပဲ။ကျောင်းပြီးဖို့ကလည်းတစ်နှစ်ခွဲကျော်ကျော်လိုသေးတော့နာမည်နဲ့ပဲစာရင်းသွင်းထားရအုံးမှာပါ
နောက်တခုကိုယ့်အတွက်ကံကောင်းတာကပထမနှစ်ကျောင်းသားဘဝကတည်းကညီအစ်ကိုတွေကိုပေါင်းလာ
တဲ့သူငယ်ချင်းကထီလာမှာကျောင်းပြီးအလုပ်ရနိုင်ငံခြားထွက်ပြန်လာကျောင်းမှာပဲအတူတူတာဝန်ပြန်ကျအခု အပြောင်းတင်တော့သူကအိမ်နဲ့နီးရာပခုက္ကူကိုတင်တယ်။ဒါပေမဲ့သူ့ကိုလည်းလွိုင်ကော်ပဲကျနော်နဲ့အတူပို့ပေး
တယ်။သူအတွက်တော့ကံမကောင်းဘူးပေါ့။ကျနော့်အတွက်တော့ကံကောင်းတယ်ဟိုကကိစ္စမှန်သမျှသူကပဲ
နှစ်ယောက်စာအားလုံးလုပ်ပေးတယ်လေ။

တိုက်ဆိုင်ချင်တော့လက်ထောက်ကထိကရာထူးတိုးတုန်းကလည်းပြည်ပမှာကျောင်းတက်နေချိန်၊အခုတခါလည်း
ပြည်ပရောက်နေချိန်မို့တချို့ကစကြသေးတယ်။မပင်ပမ်းဘဲနဲ့ရာထူးတိုးတယ်ပေါ့။တကယ်တော့ကိုယ်မှာအဲ့လိုမျိုး
စိတ်မရှိပါဘူး။အခြေအနေနဲ့အချိန်အခါအရပညာသင်ယူချိန်မှာပညာသင်နေတာ။ပညာစုံတဲ့တနေ့ပြန်ပြီးပေးဆပ်
ဖို့ပဲစိတ်ကူးတယ်။ ဘာရာထူးညာရာထူးဖြစ်ရမယ်လို့မျှော်မှန်းပြီးကြိုးစားနေတာမဟုတ်လို့အဲ့ဒီအတွက်စိတ်မဆင်းရဲရဘူး။
အခုရက်ပိုင်းနာဖြစ်တဲ့တရားတွေကပေးတဲ့အသိကလည်းဒါတွေသည်မက်မောစရာမဟုတ်ဘူးဆိုတဲ့အကြောင်း
ခဏခဏကြားရတော့စိတ်ကသိပ်ပြီးမလှုပ်ရှားမိတာပါ။ဒီနေ့ပါချုပ်အဖြစ်နဲ့သေပြီးနောက်နေ့လူဘဝပြန်ဝင်စားရင်
အားလုံးသုညကနေပြန်စရမှာပါဆိုတဲ့စကားကိုနားထဲကမထွက်ဘူး။တကယ်အမှန်ပဲလေနော်၊ဒေါက်တာဘယ်သူ
ဆိုပြီးသေသွားလည်းကံအကျိုးပေးကောင်းလို့လူ့ဘဝပြန်လာကကြီးခခွေးကပြန်စသင်ရမှာပဲ။အဲ့ဒါကြောင့်စိတ်ကို
တရားနဲ့ယှဉ်ပြီးတော့ပဲအတတ်နိုင်ဆုံးမပူလောင်ရအောင်ထိန်းတယ်။

အိမ်ကအမေကတော့သူနဲ့နီးတဲ့တက္ကသိုလ်မှာသူ့သားပြန်ပြီးတာဝန်ကျလို့ဝမ်းသာနေလေရဲ့။ကိုယ်တိုင်ကတော့ ဒီကပြန်မှပဲရိုးသားတဲ့တိုင်းရင်းသားတို့ရှိရာငွေတောင်ပြည်ရဲ့သဘာဝအလှအပတွေကိုတဝကြီးခံစားတော့မယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။
လာလည်တဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား