Pages

ကြက်သားငါးပိချက် နဲ့ ပဲပြားအသီးအရွက်ကြော်

ဒီနေ့ကျောင်းကပြန်ရောက်တော့ စိတ်ကူးရတာနဲ့ မီးဖိုချောင်သွားပြီး စိတ်ကူးပေါက်တာလေးတွေ ချက်ဖြစ်တယ်။ အခါတိုင်းတော့ ဖြစ်သလိုပဲ အသုပ်အနယ်လေးနဲ့ စားဖြစ်တယ်။ ဟင်းချက်ရတာကို ၀ါသနာပါတယ် ဆိုပေမဲ့ နေ့စဉ်ချက်စားလာရတော့လည်း ပျင်းလာတယ်ဗျ။ ဒါပေမဲ့ ချက်ကျွေးမယ့်သူ မရှိတော့လည်း ပျင်းသော်ငြား ချက်စားရတာပါပဲဗျာ။

အခုဟာလေးတွေက အညာဟင်းလို့တော့ မခေါ်နိုင်ပါဘူး။ အညာမှာက ပဲသီးရှိတယ် ပဲပြားကျတော့ မရှိဘူး။ မုန့်ညှင်းကလည်း အညာကမုန့်ညှင်းမျိုး မဟုတ်ပါဘူး။ ဒီမှာခေါ်တာကတော့ တရုတ်မုန့်ညှင်းလို့ ပြောတာပဲ။ ကြက်သားကတော့ အတုံးလိုက်မစားချင်လို့ ဖွပြီးတော့ ငရုတ်သီးစပ်ချက်ထားတယ်။ အမေ့အိမ်ဆိုရင်တော့ ဒါလေးတွေက အမေချက်တာလေးတွေ ဖြစ်မှာပေါ့ဗျာ။ ထမင်းစားရင် အမေ့အိမ်ကို သိပ်လွမ်းတယ်။ အသားဟင်းမပါဘဲ မိသားစုတွေ စုံစုံလင်လင်နဲ့ ၀ိုင်းဖွဲ့စားသောက်ရတာက ပျော်ဖို့ကောင်းတယ်လေ။  ဒါပေမဲ့လည်း အမေသင်ပေးထားလို့ ဒီလိုလေးတွေချက်စားတတ်တာကိုပဲ မဆိုးဘူးပြောရမှာပေါ့။ အလည်လာရင်း သုံးဆောင်သွားအုံးဗျာ။ လက်ရာကတော့ သိပ်ပြီးတော့ မကောင်းဘူးနော်....:P

  ကြက်သားငါးပိချက်

ပဲသီး၊ပဲပြား၊မုန်ညှင်းနဲ့ဗူးသီး

ဒါလည်းအတူတူပါပဲ
 
ဘေးကနေရိုက်ကြည့်တာ

အရသာ အပေါ့အငန်ကို ပြောသွားအုံးနော်....နောက်တစ်ခါ ချက်ရင် ပြင်လို့ရအောင်....:D

ကျွန်တော့်ညီအစ်ကိုမောင်နှမတွေ ဘေးရန်ကင်းပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လမ်းကြပါစေ...

9 comments:

  1. ကြက်သား မစားချင်ဘူး... အစိမ်းကြော် စားချင်တယ်...:)

    ReplyDelete
  2. ကိုရာဇာ သင်္ကြန်တွင်း ကျောင်းပိတ်ရင်လာလည်လေ စိတ်ကြိုက်ချက်ကျွေးမယ်....:P ဟင်းချက်စရာတော့ ယူလာခဲ့နော်...:P
    စတာပါ...တကယ်ပြောတာ လာလည်လှည့်ပါ ချက်ကျွေးပါမယ်ဗျာ....လက်ရာကို ကြိုက်တယ်ဆိုရင်ပေါ့.........D

    ReplyDelete
  3. အားပါးပါးတော်ချက် စာရေးကောင်းရုံတင်မကဘူး ဟင်းချက်ပါ ကောင်းတာပဲ အလည်လာမယ်နော်..ပုန်းနေလို့ အဟီး...:P
    ကောင်းသောနေ့လေးဖြစ်ပါစေအကိုရေ။

    ReplyDelete
  4. စားကောင်းမယ့်ပုံဘဲ..
    ကြက်သားငပိချက်မစားဖူးသေးဘူး...
    အညာကအစားသောက်တွေသိပ်ကြိုက်တာ..
    အခွင့်ခါများသင့်ရင် တစ်ခါလောက်သွားလည်ပီး အ၀ကိုစားပစ်ချင်တာ..

    ReplyDelete
  5. ကြက်သားငါးပိချက်လေး စားပြီး လင့်ခ်လေးယူသွားပါတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. ဟုတ်ကဲ့ပါ SHWE ZIN U ရေ... လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်...ပျော်ရွှင်ပါစေ...

    ReplyDelete
  7. ကြက်သားကို ဘယ်လိုဖွရတာလဲဗျ။ အရင်ပြုတ်ပြီး အသားနွှင်ရတာလား။
    အဲဒီလို ချက်စားချင်လို့ပါ။

    ReplyDelete
  8. ဟုတ်ပါတယ် Thomas ရေ ဒီကကြက်သားတွေက ပြုတ်ရင်လည်း ခဏလေးပါပဲ အရည်လေးနဲနဲလေးနဲ့ ပြုတ်ပြီးတော့ အေးခံပြီးဖွလိုက်ပါ။ ပြုတ်တဲ့အရည်ကိုလည်း ရေအစား ထည့်ချက်လိုက်ယုံပါပဲ။ အဆင်ပြေပါစေဗျာ...

    ReplyDelete
  9. ဒီတစ်ခါပဲကြားဖူးတယ်..ကြက်သားငပိချက် ဟင်း
    စမ်းချက်ကြည့်အုံးမယ်..
    ကျေးဇူး..

    ReplyDelete