Pages

Sunday, June 19, 2011

တေးလက်ဆောင်

ကျွန်တော်အကြိုက်ဆုံး သီချင်းများထဲက သီချင်းလေးတစ်ပုဒ်ပါ။ ရွာကိုလွမ်းရင် နားထောင်နေကျ သီချင်းလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ကျောင်းမှာတုန်းကတော့ တေးသရုပ်ဖော် ကလို့ကောင်းတဲ့ သီချင်း တစ်ပုဒ်ပေါ့ဗျာ။ မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းပါတယ်။ ဘာလို့ရယ်မသိဘူး ဒီသီချင်းသံကြားရရင် လူက အတော်လေးပျော်သလို ခံစားရတယ်။ နားထောင်ဖူးသော်လည်း မရိုးနိုင်တဲ့ သီချင်းလေး တစ်ပုဒ်မို့ လာလည်ရင်း နားဆင်ခံစားသွားကြပါအုံးဗျာ။


လာရောက်လည်ပတ်ရင်း ဒီသီချင်းလေးကို နားထောင်ပြီး အမောဖြေနိုင်ကြပါစေ။

1 comment:

  1. သီချင်းလေးနဲ့ ကလေးတွေ သရုပ်ဖော်ပုံလေးက တကယ်သဘာဝကျတယ်။ လူအများနှစ်သက်တဲ့ 'သျှောင်ပေစူး' သီချင်းလေးနားထောင်သွားတယ်ကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete