Pages

ဟော့ဒီက ဂျုံလုံးရေပေါ်ဗျို့...

အရင်ပို့စ်တုန်းက စမ်းသပ်မယ်ပြောထားတာ ဒီနေ့အောင်မြင်သွားတယ်ဗျို့။ ဆန်မှုန့်နဲ့ လုပ်တာမဟုတ်လို့ ဂျုံလုံးရေပေါ်လို့ပဲ ခေါ်လိုက်တယ်ဗျာ။ သင်္ကြန်တွင်း ကျောင်းပိတ်ထားတော့ အားနေတာနဲ့ ဈေးက ဂျုံမှုန့်နဲ့ သကြားခဲ ၀ယ်ပြီး ဂျုံလုံးရေပေါ်လုပ်စားပါတယ်။ ဘယ်တတ်နိုင်မတုန်းဗျာ မရှိ ရှိတာကိုပဲ ကြံဖန်ပြီး လုပ်စားရတာပေါ့(အဟဲ)။ သကြားက အခဲလေးတွေ ၀ယ်လို့ရတော့ ပိုအဆင်ပြေသွားတယ်။ ဂျုံမှုန့်ကလည်း ပေါတော့ အိုကေသလားမမေးနဲ့ဗျာ။ ဒီနေ့သင်္ကြန်အကြတ်နေ့မှာ ကျွန်တော်ဆီလာလည်သူတွေ အဝေးရောက် မုန့်လုံးရေပေါ်(ဂျုံလုံးရေပေါ်)လေး စားသွားကြအုံးဗျာ… အရင်ပို့စ်တုန်းက ကိုယ်တိုင်လုပ်တာမဟုတ်လို့ နဲနေတယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်လုပ်တာမို့ အားမနာတမ်း စားသွားနော်….  အများကြီးကျန်သေးတယ်....:):):):)

ဒါလေးတွေနဲ့လုပ်ပါတယ်...
 အရင်ဆုံးစားနိုင်အောင်လို့

သကြား
  
ဒီလိုအခဲလေးတွေ

ဂျုံမှုန့်

လုံးပြီးခါစ ဂျုံလုံးရေမပေါ်

ဒါကတော့ ပြုတ်ပြီးတဲ့ ဂျုံလုံးရေပေါ်

အုန်းသီးနဲ့ စားရန်အသင့်

သေချာအောင်လို့ အနီးကပ်ရိုက်ချက်

ဒီလိုလေး လှအောင်ပြင်ထားတယ်ဗျ
ကျွန်တော်ကိုယ်တိုင် လုပ်ထားတာမို့ အားမနာနဲ့နော် အ၀သာ စားသွားဗျာ...:P သင်္ကြန်တွင်း ကုသိုလ်ရတာပေါ့.....
လာရောက်လည်ပတ်သူအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ...

8 comments:

  1. စားသွားတယ် အကိုရေ လက်ရာတယ်ကောင်းပါလားနော်...:):)
    မိုးချုပ်နေလို့ ရေမလောင်းတော့ဘူး အဟီးးးး:D
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေအကို။

    ReplyDelete
  2. ငါလည်း လုပ်စားမယ်... ရိုးရာမုန့်ထဲမှာ အလွယ်ဆုံးက
    မုန့်လုံးရေပေါ်ပဲ... အဲဒါကြောင့် စားအုံးမှာ လုပ်ပြီး...

    ReplyDelete
  3. ဂျုံလုံးရေပေါ်လေးစားသွားတယ်နော်။နှစ်သစ်မှာပျော်ရွှင်ပါစေ။

    ReplyDelete
  4. ကျွန်တော့်လက်ရာကို လာပြီးအားပေးတဲ့အတွက် angel , ko yar zar, မငွေစန္ဒာ တို့ကို အထူးကျေးဇူးတင်ပါတယ်နော်...အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ....

    ReplyDelete
  5. ကဲ..စားချင်နေတာနဲ့ အတော်ပဲ။ စားသွားတယ်။

    ReplyDelete
  6. ဂလိုလည်းရတာပဲလား ကိုညာသားရေ။။ ဥာဏ်ကွန့်မြူးပါပေတယ်။။။
    လင်းသစ်တို့စဉ်းတောင် မစဉ်းစားမိဘူး။။။ဟီးးးးးးးးး။။။
    မူးနေတာလည်းပါမှာပေါ့နော။။။ စားသွားပါတယ်ဗျာ။။။။။။။။

    ReplyDelete
  7. သူငယ်ချင်းတွေက အညာသား အစားကို ကြံကြံဖန်ဖန် လုပ်စားတတ်တယ်လို့ ပြောထားတော့ ဥာဏ်တွေကို အကုန်ထုတ်ပြရတာပေါ့ဗျာ...ဟဲ..ဟဲ။ အနော်ကတော့ မမူးလိုက်ရဘူး... အလုပ်လေးတွေ များနေလို့လေ...
    ကိုခနွဲနဲ ကိုအလင်းသစ်ရေ လာပြီးအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ...
    နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ....

    ReplyDelete
  8. ဒီတစ်ခါပဲကြားဖူးတယ် ..ဂျုံမုန်းလုံးရေပေါ် တဲ့ .. :D

    ReplyDelete