ထန်းတောနဲ့လယ်ကွင်းကိုဖြတ်ပြီးတော့အိမ်ကယာတောကိုရောက်သွားတယ်။ယာတောကမြင်ကွင်းလေးတွေကိုလည်း
မှတ်တမ်းတင်ခဲ့တယ်။သနပ်ခါးပင်တစ်ပင်ခုတ်ပြီးအနောက်ဘက်ကိုဆင်းသွားတော့ကုက္ကိုရွက်နုတွေ တွေ့လို့တက်ခူးခဲ့
သေးတယ်။ အားလုံးပြီးတော့မှချောင်းထဲမှာရေချိုးပြီးအိမ်ပြန်ခဲ့တယ်။မရောက်တာကြာတော့မြင်သမျှမြင်ကွင်းတွေဟာ
အသစ်အဆန်းတွေလိုဖြစ်နေတာရယ်အရင်တုန်းကမြင်ကွင်းတွေနဲ့ပြန်နှိုင်းယှဉ်တော့လွမ်းစရာကြီးဗျာ။
မှတ်တမ်းတင်ခဲ့တယ်။သနပ်ခါးပင်တစ်ပင်ခုတ်ပြီးအနောက်ဘက်ကိုဆင်းသွားတော့ကုက္ကိုရွက်နုတွေ တွေ့လို့တက်ခူးခဲ့
သေးတယ်။ အားလုံးပြီးတော့မှချောင်းထဲမှာရေချိုးပြီးအိမ်ပြန်ခဲ့တယ်။မရောက်တာကြာတော့မြင်သမျှမြင်ကွင်းတွေဟာ
အသစ်အဆန်းတွေလိုဖြစ်နေတာရယ်အရင်တုန်းကမြင်ကွင်းတွေနဲ့ပြန်နှိုင်းယှဉ်တော့လွမ်းစရာကြီးဗျာ။
တယ်ပင် |
ဒီတောင်တန်းက အရင်တုန်းကဆိုသစ်တောတွေ..အခုတော့ ငှက်ပျောတောဖြစ်သွားပြီ |
ယာစောင့်တဲ၊ဇီးပင်၊ရှားပင်၊ထန်းပင် |
ဒီဘက်အစွန်ဆုံးက တရော်ကင်ပွန်းခေါင်းလျှော်ရည်မှာသုံးတဲ့ တရော်ပင် |
ယာခင်းဘေးမို့ ဒီအရွယ်ထိနေရတာ ကျန်တဲ့နေရာဆို လုံးပတ်လက်မအရွယ်ဆို ခုတ်ပြီးပြီ :) |
သဘာဝအလေ့ကျပေါက်နေတဲ့သနပ်ခါးပင်လေးများ |
ဒီသနပ်ခါးပင်စုလေးရဲ့အနောက်ဘက်နားက သနပ်ခါးပင်တစ်ပင်လက်ဆောင်ပေးဖို့ခုတ်ယူခဲ့တယ် :) |
ဒီကုက္ကိုပင်ပေါ်တက်ခူးတာဗျာ |
သစ်ပင်မတက်တာကြာတော့တက်တာတက်ရတယ်ဒူးကတုန်တုန်နဲ့ :) |
သမုန်းပင် (တချို့ကသမားမုန်းလို့လည်းခေါ်) |
လက်နဲ့မမှီတာကို ဓားနဲ့ချိုင်ချပစ်တယ် :) |
အားလုံးခူးပြီးသောအခါ အခုလိုပုဆိုးဟောင်းနဲ့ထုပ်လိုက်တယ် |
ဒီဘက်ဘေးက ယာထဲကခုတ်လာတဲ့သနပ်ခါးပင် |
အဖေစိုက်ထားတဲ့ထန်းပင်လေးတွေတော်တော်ကြီးနေကြပြီ |
ဒါကတော့ ဥသျှစ်ပင်ပါ အရွက်တွေနုနေတာအများကြီးပဲ မတက်နိုင်လို့မခူးခဲ့ရဘူး |
နွေရောက်တော့ချောင်းရေစီးလည်းမသန်နိုင်တော့ပါဘူး |
ပန်းရံလုပ်တဲ့အခါတိုင်း ဒီချောင်းသဲခုံက သဲကိုလှည်းနဲ့တိုက်ပြီးသုံးကြတယ် |
မိုးတွင်းဆိုရင်တော့ချောင်းဘေးကစိမ်းစိမ်းစိုစိုနဲ့ရေကတော့နောက်ကျိကျိပေါ့ |
ဒဟတ်ပင်နဲ့ ဒဟတ်ပန်းပွင့် |
ဒီအိုင်ထဲရေဆင်းချိုး၊ကုက္ကိုရွက်ထုပ်ထမ်းပြီး အိမ်ပြန်ခဲ့တယ် :) |
နွေဆိုတော့ချောင်းလည်းရေခမ်းနေပြီ၊ဒါပေမဲ့ရေစီးကြောင်းကတော့အမြဲစီးဆင်းနေတယ်။သူများအရပ်တွေရေရှားပါး
နေချိန်ကျုပ်တို့ရွာမှာဒီချောင်းလေးရှိတော့သက်သာရာရသေးတယ်။အခုရွာဘုန်းကြီးကျောင်းအထိရေသွယ်ပြီးသွားပြီ
နောက်မှအဲ့ဒီရေထွက်အကြောင်းသပ်သပ်ရေးပြီးတင်ပေးပါအုံးမယ်ဗျာ...။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။အမြဲလာလည်ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား